Local News

ဖရဲစျေးကောင်းရသော်လည်း အထွက်နှုန်းကျ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် အဓိကစိုက်ပျိုးသည့် ဖရဲသီးနှံများသည် ယခုနှစ်တွင် စျေးကောင်းရရှိပေမယ့် အထွက်နှုန်းကျနေတယ်လို့ ဖရဲစိုက်တောင်သူများဆီက သိရှိရပါသည်။
ဖရဲမျိုးစေ့စျေးကလည်း အရင်နှစ်တွေထက် စျေးမြင့်တက်လာကာ စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ အထွက်နှုန်း ကျဆင်းခြင်းကြောင့် ဖရဲစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရှိရသည်။ ယခုနှစ် ဖရဲစျေးက အကြီးအသေး အလတ်ပေါ် မူတည်၍ တစ်လုံးကို ကျပ် ၂၀၀၀ ကျော် ၃၀၀၀ ကနေ ကျပ် ၅၀၀၀ ကျော် ၇၀၀၀ လောက်အထိ စျေးရှိနေပြီး အရင်နှစ်တွေက အမြင့်ဆုံးဈေးက တစ်လုံးကို ကျပ် ၅၀၀၀ သာ ရှိခဲ့တယ်လို့ သိရှိရပါသည်။
ဖရဲမျိုးစေ့တစ်ဘူးကို ကျပ် ၅၅၀၀၀ စျေးရှိကာ ဖရဲအထွက်နှုန်းက အရင်နှစ်တွေထက် ထက်ဝက်နီးပါး လျော့နည်း သွားကြောင်း တောင်သူများဆီက သိရှိရပါသည်။ အရင်နှစ်တွေက ဖရဲစိုက်ခင်းတွေအထိ ဖရဲကုန်သည်တွေ လာရောက်ဝယ်ယူခဲ့ပေမယ့် ယခုနှစ်တွင် ဝယ်လက်မရှိသည့်အတွက် အောင်လံ-ပြည် ကားလမ်းမတွင် ကိုယ်တိုင် ရောင်းချနေကြောင်း တောင်သူများဆီက သိရှိရပါသည်။
Source: https://onenewstvchannel.com

Category: Local News